နေပြည်တော် မေ ၁၅
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းသား/သမီးများမှ မူကြိုနှင့် KG+9 အထိ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ် ၆ ရှိ ရတနာခန်းမ၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တက်ရောက်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျောင်းနေအရွယ်ကလေး များအားလုံး အနည်းဆုံး KG+9 ထိ အခြေခံပညာ သင်ယူခွင့်ရရှိရေးအတွက် မိဘများကိုယ်တိုင်ကြိုးစား၍ ပညာအမွေပေးကြ ရန်လိုကြောင်း၊ ပညာသင်ယူ တတ်မြောက်မှသာ အသိပညာ၊ ဗဟုသုတပြည့်စုံ၍ အဆိုးအ ကောင်းကို ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ် ပညာရှိမည်ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အဓိကအရေးပါသောကြောင့် သားငယ်/သမီးငယ်များက ပညာရေးကို အစွမ်းကုန်ကြိုးစား ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်တပ်တစ်အားပါဝင်ကြရန် ဖြစ်ပါကြောင်း၊ သားငယ်/သမီး ငယ်များ၏ ကြိုးစားမှုရလဒ်များသည် မိဘများ၏ ဂုဏ်သိက္ခာများပင် ဖြစ်ပါကြောင်း၊ ကျောင်းပညာရပ်များကို ထူးချွန်အောင်ကြိုးစားသင်ယူသည့်အပြင် နိုင်ငံတော်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုများကိုလည်း လေ့လာသိရှိကြရန်လိုအပ်ပါကြောင်း၊ ဘဝ၏ အောင်မြင်မှုပန်းတိုင် များကို မိမိ၏ကိုယ်ပိုင်ဉာဏ်နှင့် ဆင်ခြင်သုံးသပ်ကာ မှန်ကန်စွာ ဆုံးဖြတ်နိုင်မည်ဖြစ်ပါကြောင်းနှင့် ကျောင်းသား/သူများ အနေဖြင့်နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံတော်ကို အလုပ်အကျွေးပြုမည့် သားကောင်းရတနာ၊ သမီးကောင်း ရတနာများ ဖြစ်ကြပါစေလိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သားငယ်သမီးငယ်များကို ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်သည်။
စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တွင် မူကြိုနှင့် KG+9 အထိပညာသင်ကြားကြမည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၄၁၃၀ အတွက် ပညာသင်ထောက်ပံ့ကြေး ငွေကျပ် ၄၄,၀၃၀,၀၀၀ (ငွေကျပ်လေးဆယ့်လေးသန်းသုံး သောင်း တိတိ) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)