စမ်းချောင်း ဇူလိုင်  ၂၃

 

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဇူလိုင် ၂၂ ရက်က ကျွန်းတော (တောင်)ရပ်ကွက် ကျွန်းတောရပ်ဓမ္မာရုံ၌ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘဝင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးထွန်းဝင်း၊ မြို့နယ်လဝကဦးစီးမှူး ဦးထွန်းငြိမ်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရဆွေ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာမိမိခိုင်၊ မြို့နယ်စည်ပင်သာယာ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုမြတ်နှင့် ဌာနအသီးသီးမှ တာဝန်ရှိသူများက ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

စမ်းချောင်း(ပြန်/ဆက်)