ရန်ကုန် ၂၄ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် လင်းလွန်(တောင်)ရပ်ကွက် ပန်းတနော်လမ်းနှင့် ကျိုက်လတ် လမ်းကြား ဗဟိုလမ်းပေါ်ရှိ ငွေတောင်လက်ဖက်ရည်ဆိုင်တွင် အသုံးပြုသည့် ဂက်စ်အိုးပေါက်ကွဲမှုကြောင့် ဇန်နဝါရီ ၂၃ ရက် နံနက် ၅ နာရီ ၃၉ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ သွပ်မိုးပျဉ်ကာ နှစ်ထပ်အိမ်တစ်လုံး၊ တိုက်ခန်း ၄ ခန်း မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုကြောင့် အိမ်ထောင်စု(၅)စု၊ လူဦးရေ ၅၃ ဦးနှင့် (ဦးမြခိုင် (၇၄)နှစ်၊ ဒေါ်မြမြ (၈၄)နှစ်၊ မစိုးစိုး (၄၀)နှစ်) မိသားစုဝင် သုံးဦးတို့ သေဆုံးခဲ့ပြီး ဆိုင်ဝန်ထမ်းနှစ်ဦးဖြစ်သည့် ကိုသိန်းဇော် (၂၉)နှစ်၊ ကိုအောင်မျိုးသက် (၁၆)နှစ်တို့ ဒဏ်ရာရရှိခဲ့သည်။
မရမ်းကုန်းမြို့နယ်ရှိ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းရွှေနှင့် ဝန်ထမ်းများက မီးဘေးသင့်မှုကြောင့် သေဆုံးသူ ၃ ဦးအတွက် ထောက်ပံ့ငွေ ကျပ် ၉၀ဝ၀ဝ၀ ကိုလည်းကောင်း၊ ဒဏ်ရာရသူ ၂ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၀ဝ၀ဝ၀ ကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး ၆၀ဝ၀ဝ၀၊ ၇ ရက်စာဆန်ရိက္ခာတန်ဖိုးငွေ ၁၁၁၃၀ဝကျပ် စုစုပေါင်းထောက်ပံ့ငွေ ၁၇၁၁၃၀ဝ နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ (၅)အိမ်ထောင်စုစာ ရေသန့် ၅ လီတာဘူး ၄၀ ၊ စားဆီ ၅ ပိဿာပုံး ၁ ပုံး၊ ဒန်အိုး(၅)လုံး၊ စောင် ၁၀ ထည်တို့အား မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ အဆိုပါနေ့ညနေပိုင်းတွင်ပင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)