ခမောက်ကြီး  ၁၇  ဩဂုတ်


ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့  ပူးပေါင်း၍  ကျောင်းကျန်းမာရေးလုပ်ငန်းနှင့်အတူ အသိပညာပေး ဟောပြောပွဲများကို ယနေ့နံနက် ၁၀ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်ဇင်မာဝေက ကျန်းမာရေးအသိပညာပေးနှင့် မိမိကိုယ်ကို ကျန်းမာရေး စောင့်ရှောက်ရမည့် ဆောင်ရန်/ရှောင်ရန်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နန့်လေးလေးခင်သိန်းက စက်တင်ဘာလတွင် ကျရောက်မည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူ (၃၄၅) ဦးအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် သံချဆေး တိုက်ကျွေးခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ခမောက်ကြီး (ပြန်/ဆက်)