မြစ်သား ၂၁ နိုဝင်ဘာ
မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေ၊ လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် ပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒါးရယ်ကောင်း အုပ်စု၊ ဒါးရယ်ကောင်း-ပျော်ဘွယ်ကြား စမုံမြစ်ကူးတံတားတည်ဆောက်နေမှုအား မြစ်သား ကျေးလက် ဦးစီးမှူး ဦးကိုကိုအောင်မှ (၂၀-၁၁-၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး ကြည့်ရှု စစ်ဆေး ခဲ့သည်။
အဆိုပါ စမုံမြစ်ကူးတံတားသည် ကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး တံတားအကျယ် ၁၅ပေ၊ အရှည် ၁၆၀ ပေနှင့် အမြင့် ၂၅ပေရှိကာ တည်ဆောက်မှု ရာခိုင်နှုန်းမှာ (၈၂)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပြီး အဆိုပါ မြစ်ကူးတံတားကြီးပြီးစီးသွားပါက ပျော်ဘွယ်ကျေးရွာရှိ အိမ်ထောင်စု(၁၆၄)နှင့် လူဦးရေ (၁၀၇၅ ဉီးတို့ကို စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးများအတွက် များစွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်


