ရန်ကုန်   ဇူလိုင်   ၁၀

စင်ကာပူနိုင်ငံ၌  ဇူလိုင် ၁၂   ရက်နှင့် ၁၃ ရက်တို့တွင်   ကျင်းပမည့်   ၂၀၂၅   ခုနှစ် စင်ကာပူ   တာတိုဖလား   ကနူး/ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup) သို့   ဝင်ရောက် ယှဉ်ပြိုင်ရန်    မြန်မာအားကစားအဖွဲ့သည်    ယနေ့နံနက်ပိုင်းက ပြည်ပသို့ ထွက်ခွာသွားသည်။

မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ   အဖွဲ့ခေါင်းဆောင်  ဒေါက်တာကျော်ရဲဟိန်း ဦးဆောင်၍   အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားစုစုပေါင်း ၁၁ ဦး ပါဝင်သော  မြန်မာအားကစား အဖွဲ့အား မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံရေကူး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ခဲ့ကြကြောင်း သိရသည်။               

ကိုထက်