စင်ကာပူအလွတ်တန်းဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြန်မာရွှေခြောက်ခု ငွေတစ်ခုနှင့် ကြေးနှစ်ခုဆွတ်ခူးရရှိ    

ရန်ကုန် ၂၉ မတ်


စင်ကာပူနိုင်ငံတွင် မတ်၂၈ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၈၁)ကြိမ်မြောက် စင်ကာပူ အလွတ်တန်းဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲ (81th  Singapore Open Track & Field  Championships 2019) ပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ် အားကစားသမားများ ရွှေခြောက်ခု၊ ငွေတစ်ခု၊ ကြေးနှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ 


အဆိုပါ ပြိုင်ပွဲ၌ မြန်မာအားကစားအဖွဲ့တွင် မြင့်မြင့်အေးက မီတာ ၅၀ဝ၀ နှင့် မီတာ ၁၀ဝ၀ဝ တွင် ရွှေတစ်ခုစီ၊ အေးအေးအောင်က မီတာ ၁၅၀ဝ တွင် ရွှေတစ်ခု၊ အေးအေးမြို့က မီတာ ၃၀ဝ၀ တားဆီကျော်တွင် ရွှေတစ်ခု၊ သန်းသန်းစိုးက ၂၀ ကီလိုမီတာလမ်းလျှောက်တွင် ရွှေတစ်ခု၊ ဇာနည်ထွန်းက မီတာ ၅၀ဝ၀ တွင်ငွေတစ်ခု၊ ဖြိုးကျော်ဇင်ဦးက မီတာ ၁၅၀ဝ တွင် ကြေးတစ်ခု၊ အေးအေးအောင်က မီတာ ၈၀ဝ တွင် ကြေးတစ်ခု အသီးသီးဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။


ပြိုင်ပွဲတွင် အိမ်ရှင်စင်ကာပူ၊ မြန်မာ၊ ထိုင်း၊  ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား မလေးရှား၊ လာအို၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံနှင့် ထိုင်ဝမ်မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။                 


သတင်းနှင့်ဓာတ်ပုံ-ဗလစိုး