စင်ကာပူ ဇွန် ၃
စင်ကာပူနိုင်ငံသည် ဖန်လုံအိမ် သဘာဝဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝကင်းစင်ရေးကြိုးပမ်း အားထုတ်မှုများကို အရှိန်မြှင့်တင်လျက်ရှိသည်။ ရည်မှန်းချက်ပြည့်မီရေးအတွက် အာရှ၊ တောင်အမေရိကနှင့် အာဖရိကနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်လျက်ရှိသည်။
စင်ကာပူနိုင်ငံသည် ပါရာဂွေးနှင့် ကာဗွန်ခရက်ဒစ်ဆိုင်ရာ သဘောတူညီမှုတစ်ခုကို လွန်ခဲ့ သောလက လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီချက်သည် စင်ကာပူကဲ့သို့သော ကျွန်းနိုင်ငံအတွက် ဘူတန်၊ ပီရူးနှင့် ရဝမ်ဒါကဲ့သို့သော မိတ်ဖက်နိုင်ငံများနှင့် သဘောတူ ပြီးနောက် ထပ်မံရရှိလာသည့် ခုနစ်ခုမြောက် သဘောတူညီမှုဖြစ်သည်။
ခရက်ဒစ်များသည် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်လျှော့ချရေးကြိုးပမ်းမှုများအတွက် ရောင်းဝယ်နိုင်သော ပစ္စည်းကိရိယာများဖြစ်သည်။
အဆိုပါနိုင်ငံများသည် ကာဗွန်လျှော့ချရေးရည်မှန်းချက်ကို အောင်မြင်စွာလုပ်ဆောင်ခဲ့ပါက စင်ကာပူ နိုင်ငံသည် ခရက်ဒစ်ဝေစုများ ရရှိမည်ဖြစ်သည်။
စင်ကာပူနိုင်ငံသည် ၂၀၅၀ ပြည့်နှစ်မတိုင်မီ ၎င်း၏ ဖန်လုံအိမ် သဘာဝဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝကင်းစင်ရေး ရည်မှန်းချက်ပြည့်မီအောင် အကောင်အထည်ဖော်ရန် ရည်မှန်းထားသည်။ သို့သော်လည်း နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားတပ်ဆင်ခြင်းနှင့် လေအားလျှပ်စစ်တာဘိုင် ကဲ့သို့သော သဘာဝစွမ်းအင်များအတွက် နေရာကန့်သတ်ချက်ရှိနေသည်။
စင်ကာပူနိုင်ငံသည် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကာဗွန်သတ်မှတ်ချက် ကို ရည်မှန်းချက်အတိုင်း လျှော့ချနိုင်ပြီး သဘာဝနှင့်သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများ ချဲ့ထွင် နိုင်ရန် မျှော်မှန်းထားသည်။ အင်န်အိတ်ချ်ကေ