၂၀ မေ

စင်ကာပူနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန်နမူနာ တို့ဖတ် ယူမယ့် ရွေ့လျားကားတစ်စီးကို စတင် အသုံးပြုပြီး စစ်ဆေးပေးနေပြီဖြစ်ပါတယ်။ အဲဒီကားဟာ နိုင်ငံခြားသားလုပ်သား (၃) သိန်းကျော် နေထိုင်ရာ အလုပ်သမားတန်းလျားဆောင်တွေရှိရာ အရပ်ဒေသအထိ သွားရောက်ပြီး ရောဂါပိုးစစ်ပေးတာ ဖြစ်ပါတယ်။

 

အဲဒီကားပေါ်မှာ ကျန်းမာရေးဝန်ထမ်းတွေပါရှိပြီး ဗိုင်းရပ်စ်ပိုးစစ်ဆေးခံမယ့်သူက ကားအပြင်မှာ ရှိရမှာ ဖြစ်ပါတယ်။

 

စင်ကာပူနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၈,ဝ၀ဝ ကျော်ရှိသွားပြီး စင်ကာပူနိုင်ငံဟာ  အာရှမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများစုဟာ ရွေ့ပြောင်းလုပ်သားတွေဖြစ်ပြီး လုပ်သားတန်းလျားဆောင်တွေမှာ တစ်ဦးနဲ့တစ်ဦး ကြပ်သိပ်အောင် နေရတဲ့ ဝင်ငွေနည်း လုပ်သားတွေ ဖြစ်ကြပါတယ်။ 

MDN

ကိုးကား - AFP