စင်ကာပူ နိုဝင်ဘာ ၂
စင်ကာပူနိုင်ငံ၌ အောက်တိုဘာ ၉ ရက်တွင် နေ့အပူချိန်သည် တစ်လတာအတွင်း အမြင့်ဆုံး အပူချိန်အဖြစ် စံချိန်တင်ခဲ့ကြောင်း စင်ကာပူနိုင်ငံ မိုးလေဝသဌာနက အစီရင်ခံစာတစ်ရပ် ယနေ့ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ သည် နေ့စဉ်အမြင့်ဆုံးအပူချိန် ၃၄ ဒီဂရီ စင်တီဂရိတ်အထက်ရှိကြောင်း သိရသည်။
အောက်တိုဘာ ၉ ရက်က စင်ကာပူနိုင်ငံ မြောက်ပိုင်းတွင် အပူချိန် ၃၆ ဒသမ ၃ ဒီဂရီ စင်တီဂရိတ် ရှိပြီး ကျန်နေရာများတွင် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ခဲ့ကြောင်း စင်ကာပူနိုင်ငံ မိုးလေဝသဌာန၏ အစီရင်ခံစာအရ သိရသည်။
ထို့ပြင် ၂၀၀၁ ခုနှစ် အောက်တို ဘာ ၁၄ ရက်နှင့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၃ ရက်တို့တွင် အပူချိန် ၃၅ ဒသမ ၇ ဒီဂရီ စင်တီ ဂရိတ်ဖြင့် စံချိန်တင်ခဲ့သည်။ ယခုနှစ် အောက်တိုဘာလ အပူ ချိန်သည် အဆိုပါစံချိန်တင် အပူချိန်ကို ကျော်လွန်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် စင်ကာပူနိုင်ငံ၌ မြူခိုးများဖြစ်ပေါ်ပြီးနောက် အောက်တိုဘာ လနှောင်းပိုင်းတွင် စင်ကာပူနှင့် အနီးတစ်ဝိုက် ဒေသ တို့၌ မိုးရွာသွန်းမှု မြင့်တက်လာသဖြင့် မြူမှုန်များ အခြေအနေ တဖြည်းဖြည်းလျော့ကျလာကြောင်း မိုးလေဝသဌာနက ဆိုသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန်-အောင်ကျော်ကျော်