စင်ကာပူ ဒီဇင်ဘာ ၂၂

 

စင်ကာပူနိုင်ငံသည် နိုင်ငံအတွင်းရှိ အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ်ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုကို ယခုလအတွင်း စတင်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အဆိုပါအသက် အရွယ်များအား ထိုးနှံပေးမည့် Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည်လည်း ဒီဇင်ဘာ ၂၂ ရက်တွင် ရောက်ရှိလာမည်ဟု မျှော်လင့်ထားကြောင်း စင်ကာပူနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဥရောပမှ တင်ပို့မည်ဖြစ်ပြီး အရည်အသွေးကောင်းမွန်ပြီး ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရာတွင်လည်း ထိရောက်မှုရှိကြောင်းနှင့် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအား ထိုးနှံပေးရန် စင်ကာပူကျန်းမာရေးသိပ္ပံ အာဏာပိုင်အဖွဲ့များက အတည်ပြုပေးခဲ့ ခြင်းဖြစ်ကြောင်း စင်ကာပူကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုကို ဒီဇင်ဘာ လကုန်ပိုင်းတွင် စတင်နိုင်ရန် စီစဉ်ထားကြောင်းလည်း စင်ကာပူကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ ။

 

ကိုးကား - စီအင်န်အေ

ဘာသာပြန် - အလင်းသစ်