ဩဂုတ် ၂၃
စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၉၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၁၈၁၈၅၆၀ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၂၂၁ ဦးသည် ပီစီအာစမ်းသပ်စစ်ဆေးမှုဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၁၄၇၃ ဦးသည် အေအာတီစမ်းသပ်စစ်ဆေးမှုဖြင့်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
ပီစီအာစမ်းသပ်စစ်ဆေးတွေ့ရှိသူများအနက် ၂၁၀ သည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၁၁ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။
အေအာတီစမ်းသပ်စစ်ဆေးတွေ့ရှိသူများတွင် ၁၃၉၂ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၈၁ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။
နိုင်ငံအတွင်းရှိ ဆေးရုံအသီးသီးတွင် ကုသမှုခံယူဆဲလူနာ ၃၄၅ ဦးရှိရာ ကိုးဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၅၈၄ ဦးရှိသည်ဟု ထိုဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို