ဩဂုတ် ၁၆

 

စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၆၆၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၁၇၉၆၇၃၄ ဦး အထိ ရှိလာသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများအနက် ၂၇၁ ဦးသည် ပီစီအာစမ်းသပ်စစ်ဆေးမှုဖြင့် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၂၃၉၄ ဦးသည် အေအာတီစမ်းသပ်စစ်ဆေးမှုဖြင့် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားသည်။

 

ပီစီအာစစ်ဆေးတွေ့ရှိချက်တွင် ၂၄၄ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၂၇ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။ အေအာတီစစ်ဆေးတွေ့ရှိချက်တွင် ၂၂၆၄ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ပြည်ပကူးစက်မှု ၁၃၀ ဖြစ်သည်။

 

နိုင်ငံအတွင်းရှိ ဆေးရုံအသီးသီးတွင် ကုသမှုခံယူဆဲလူနာ ၅၆၉ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူဦးရေ ၂၀ ရှိသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် တစ်ဦးထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၁၅၆၀ ရှိလာသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို