အောက်တိုဘာ ၆
စင်ကာပူနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၉၂၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ထိုရောဂါကူးစက်ခံရသူပေါင်း ၁၉၃၀၀၆၂ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါရောဂါကူးစက်ခံရသူများအနက် ၅၆၂ ဦးသည် ပီစီအာစစ်ဆေးမှုဖြင့် စမ်းသပ်စစ်ဆေးတွေ့ရှိခဲ့ပြီး ၅၃၆၁ ဦးသည် အေအာတီစမ်းသပ်စစ်ဆေးမှုဖြင့် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။
ပီစီအာဖြင့်စစ်ဆေးတွေ့ရှိမှုအနက် ၅၃၆ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၂၆ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။ အေအာတီဖြင့်စစ်ဆေးတွေ့ရှိမှုအနက် ၅၁၇၂ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၁၈၉ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်ဟု ဖော်ပြထားသည်။
နိုင်ငံအတွင်းရှိ ဆေးရုံအသီးသီးတွင် ကုသမှုခံယူဆဲလူနာ ၃၃၀ ရှိပြီး ၁၁ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူမရှိကြောင်းနှင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၁၆၂၄ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို