အောက်တိုဘာ ၂၀
စင်ကာပူနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၇၅၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ထိုရောဂါကူးစက်ခံရသူပေါင်း ၂၀၃၇၉၄၇ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၈၀၈ ဦးသည် ပီစီအာစမ်းသပ်စစ်ဆေးမှုဖြင့်တွေ့ရှိခဲ့ပြီး ၇၉၄၄ ဦးသည် အေအာတီစစ်ဆေးချက်ဖြင့် စမ်းသပ်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ထိုဝန်ကြီးဌာနကပြောကြားသည်။
ပီစီအာစစ်ဆေးတွေ့ရှိမှုအနက် ၇၈၇ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၂၁ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်ဟု သိရသည်။
အေအာတီစစ်ဆေးတွေ့ရှိချက်တွင် ၇၆၃၂ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၃၁၂ ဦသည် ပြည်ပကူးစက်မှုဖြစ်ကြောင်း သတင်းဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ကုသမှုခံယူဆဲကိုဗစ်လူနာ ၆၅၉ ဦးရှိပြီး ၁၄ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် သုံးဦးထပ်မံသေဆုံးခဲ့ပြီးနောက် ယင်းရောဂါဖြင့် သေဆုံးသူပေါင်း ၁၆၅၄ ဦးရှိလာသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို