အောက်တိုဘာ ၁၄

စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၅၀၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရသူပေါင်း ၁၉၈၈၇၆၀ ရှိလာကြောင်း သတင်းဖော်ပြထားသည်။

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၇၉၀ အား ပီစီအာ စမ်းသပ်စစ်ဆေးမှုဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၈၇၁၁ ဦးသည် အေအာတီစစ်ဆေးမှုဖြင့် စမ်းသပ်တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အချက်အလက်အရ သိရသည်။

ပီစီအာစစ်ဆေးတွေ့ရှိမှုအနက် ၇၈၂ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ရှစ်ဦးသည် ပြည်ပကူးစက်မှုဖြစ်ကြောင်းနှင့် အေအာတီစစ်ဆေးမှုတွင် ၈၄၆၇ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၂၄၄ ဦးသည် ပြည်ပကူးစက်မှုဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းရှိဆေးရုံအသီးသီးတွင် ကုသမှုခံယူဆဲလူနာ ၅၄၃ ဦးရှိပြီး ၁၃ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် သုံးဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၁၆၃၉ ဦးရှိလာသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို