စင်ကာပူနိုင်ငံ၌ သီတင်းပတ်တစ်ပတ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၄၃ ဦး ထပ်မံတွေ့ရှိ

ဧပြီ ၂၃

စင်ကာပူနိုင်ငံတွင် ဧပြီ ၁၄ မှ ၂၀ ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ၃၄၃ ဦး ဖြစ်ပွားခဲ့ရာ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၆၂၃၂ ဦးရှိလာသည်ဟု အမျိုးသားပတ်ဝန်းကျင်အေဂျင်စီက နောက်ဆုံးထုတ်ပြန်သော အချက်အလက်အရ သိရသည်။ ၂၀၂၃ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၉၉၄၉ ဦး ရှိပြီး သွေးလွန်တုပ်ကွေးရောဂါဖြင့်ခြောက်ဦးသေဆုံးခဲ့သည်။ စင်ကာပူနိုင်ငံတွင် ယခုနှစ်သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုသည် လွန်ခဲ့သောနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ပထမလေးလတာကာလအတွင်း နှစ်ဆ ပိုမိုများပြားပြီး သွေးလွန်တုပ်ကွေးရောဂါဖြင့်ခုနစ်ဦးသေဆုံးကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို