မတ် ၁၉
စင်ကာပူကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က လွန်ခဲ့သောသီတင်းပတ်သုံးပတ်အတွင်း ပြစ်မှုအမျိုးမျိုးအတွက် မော်တော်ယာဉ် ၄၈၈ စီးကို စစ်ဆေးတွေ့ရှိခဲ့သည်။
အမြန်လမ်းများကို တရားမဝင်အသုံးပြုသည့် ယာဉ် ၁၈၁ စီးကိုဖမ်းဆီးခဲ့ပြီး စင်ကာပူဒေါ်လာ ၁၀၀၀ ( အမေရိကန်ဒေါ်လာ ၇၅၀ ခန့် ) ဒဏ်ကြေးပေးဆောင်ရခြင်း၊ ထောင်ဒဏ်သုံးလ သို့မဟုတ် နှစ်ခုစလုံးပြစ်ဒဏ်ခံရမည်ဖြစ်သည်။
ကုန်တင်ကား ၃၀၇ စီးသည် ယာဉ်မောင်းခန်းအတွင်း ရှေ့ခရီးသည်ထိုင်ခုံများမဖြည့်ခြင်း၊ သင့်လျော်သောမိုးကာ အကာများမရှိခြင်းတို့အပါအဝင်ဘေးကင်းရေးစည်းမျဉ်းများကိုလိုက်နာရန် ပျက်ကွက်ခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရသည်။
ဘေးကင်းရေးစည်းမျဉ်းများချိုးဖောက်သောကုန်တင်ကားများသည် ဒဏ်ကြေး စင်ကာပူဒေါ်လာ ၅၀၀၀၊ ထောင်ဒဏ်သုံးလ သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံးခံရနိုင်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို