အောက်တိုဘာ ၁၁

စင်ကာပူနိုင်ငံသို့ စက်တင်ဘာလအတွင်း ကမ္ဘာလှည့်ခရီးသည်ပေါင်း ၁ ဒသမ ၁၃ သန်း ဝင်ရောက်မှုရှိရာ တစ်နှစ်ထက်တစ်နှစ် ၄၅ ရာခိုင်နှုန်းနီးပါးမြင့်တက်လာကြောင်း စင်ကာပူခရီးသွားအဖွဲ့က ထုတ်ပြန်သော အချက်အလက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သောလက စင်ကာပူနိုင်ငံသို့ဝင်ရောက်ခဲ့သော ခရီးသွားများတွင် အင်ဒိုနီးရှားနိုင်ငံက အများဆုံးဖြစ်ပြီး ၎င်းနောက်တွင် တရုတ်၊ ဩစတြေးလျ၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့မှခရီးသွားများဖြစ်သည်ဟု သိရသည်။

ယခုနှစ်ပထမကိုးလအတွင်း စင်ကာပူနိုင်ငံသို့ ခရီးသွား ၁၀ သန်းကျော်ဝင်ရောက်ခဲ့ကြောင်း စင်ကာပူခရီးသွားအဖွဲ့က ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို