စက်တင်ဘာ ၉
စင်ကာပူနိုင်ငံသို့ ယခုနှစ်ဩဂုတ်လအတွင်း ခရီးသွား ၁ ဒသမ ၅၄ သန်း စံချိန်တင်ဝင်ရောက်မှုရှိရာ ယခင်နှစ်ကခရီးသွားဝင်ရောက်မှုထက် ၁၇ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာကြောင်း စင်ကာပူခရီးသွားလုပ်ငန်းအဖွဲ့ ( အက်စ်တီဘီ )က သတင်းထုတ်ပြန်ထားသည်။
ဩဂုတ်လအတွင်း တရုတ်ပြည်မကြီးမှခရီးသွား ၄၀၀၀၀၀ ကျော် ဝင်ရောက်ခဲ့ရာ ခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်ပြီး ယင်းနောက်တွင် ခရီးသွားဝင်ရောက်မှုများပြားသောနိုင်ငံများမှာ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဩစတြေးလျ နှင့် ဂျပန်နိုင်ငံတို့ဖြစ်သည်။
စင်ကာပူနိုင်ငံသို့ ယခုနှစ် ဩဂုတ်လအထိ ခရီးသွားဝင်ရောက်မှု ၁၃ သန်းကျော်ရှိသည်ဟု သိရသည်။ ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား၁၅ သန်း၊ ၁၆ သန်းအထိ ဝင်ရောက်မှုရှိမည်ဟု အက်စ်တီဘီက ခန့်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို