(၈-၁-၂၀၂၁ ရက်၊ စင်ကာပူ)

COVID-19 တားဆီးကာကွယ်ရေးအစီအမံများကြောင့် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေ ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအား ၈-၁-၂၀၂၁ ရက် (သောကြာနေ့)၊ ဒေသစံတော်ချိန် (၁၅:၂၅)နာရီတွင် (၃၄)ကြိမ်မြောက် Relief Flight အဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ပျံသန်းအမှတ် UB 1002 ဖြင့် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ပို့‌ဆောင်ပေးခဲ့ပါသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် စင်ကာပူနိုင်ငံတွင် ပညာသင်ကြားပြီးဆုံး၍ အမိမြန်မာနိုင်ငံသို့ ပြန်ကြသည့် ကျောင်းသား/သူများ၊ ကိုယ်ဝန် ဆောင် မိခင်များ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ရပ်နား ခံထားရသူများ၊ ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသူများ၊ မြန်မာနိုင်ငံ၌ ဆေးကုသမှုပြန်လည်ခံယူရန် လိုအပ်နေသူများ အပါအဝင် စုစုပေါင်း (၁၄၆)ဦး လိုက်ပါသွားကြ ပါသည်။

ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ‌ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေ ချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံအမတ်ကြီး ဦးဆောင်သော သံရုံးကိုယ်စား လှယ်အဖွဲ့သည် ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များအား ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။

Crd - Ministry of Foreign Affairs Myanmar