စင်ကာပူတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၂၉၃၆၄ ဦး ရှိလာ

၂၁ မေ

စင်ကာပူနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၅၇၀ ဦးရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၂၉၃၆၄ ဦး ရှိသည်ဟု စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၈၄၂ ဦး ကို ပြီးခဲ့သည့်ရက်က သီးခြားခွဲခြားကန့်သတ်ထားရာ အဆောက်အအုံများနှင့်ဆေးရုံများမှ ဆင်းခွင့်ပြုခဲ့သည်။

ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၁၁၂၀၇ ဦး ရှိပြီး ၎င်းတို့အားလုံးသည် ဆေးရုံများ၊ သီးခြားကန့်သတ်ထားသည် အဆောက်အအုံများမှ ဆင်းသွားပြီ ဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

လက်ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာ ၉၅၄ ဦး မှာ ဆေးရုံတက်နေဆဲ ဖြစ်သည်။အဆိုပါ ဆေးရုံတက်နေသူများအနက် အများစုမှာ တည်ငြိမ်လာကြောင်း၊ ကျန်းမာရေးတိုးတက်ကောင်းမွန်လာကြောင်း နှင့် ၁၁ ဦးမှာ အထူးကြပ်မတ်ဆောင်တွင် အခြေအနေစိုးရိမ်ရကြောင်း ဖော်ပြထားသည်။

ရပ်ကွက် အဆောက်အအုံများတွင် လူ ၁၇၁၈၁ ဦး ကို သီးခြားခွဲခြားစောင့်ရှောက်ထားသည်။၎င်းတို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူများဖြစ်သော်လည်း ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို