၂၉ ဧပြီ

 

စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၅၂၈ ဦး ရှိပြီး ကူးစက်ခံရသူပေါင်း ၁၄၉၅၁ ဦး ရှိလာကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ထပ်မံကူးစက်ခံရသူများအနက် ၁၀ ဦးမှာ လူအုပ်စုအတွင်းတွေ့ရှိခြင်း၊ ခုနစ်ဦးမှာ အိပ်ဆောင်ပြင်ပနေထိုင်သော လုပ်သားများဖြစ်ပြီး ၅၁၁ ဦးမှာ အိပ်ဆောင်နေ လုပ်သားများတွင် ကူးစက်ခံရခြင်းတို့ ဖြစ်သည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရသူများအနက် ထပ်မံပြန်လည်ကောင်းမွန်လာသူ ၃၃ ဦးနှင့် လုံးဝပြန်လည်ကောင်းမွန်လာသူ ၁၁၂၈ ဦး တို့ကို  ဆေးရုံများ၊ သီးသန့်ခွဲထားရာနေရာများမှ ဆင်းခွင့်ပြုခဲ့ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

လက်ရှိတွင် အတည်ပြု ကူးစက်ခံရသူ ၁၈၈၉ ဦး ဆေးရုံတက် ကုသမှု ခံယူနေသည်။၎င်းတို့အနက် အများစုမှာ အခြေအနေတည်ငြိမ်နေပြီး တိုးတက်မှုရှိကြောင်းနှင့် ၂၁ ဦး မှာ အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေပြီး အခြေအနေစိုးရိမ်ရကြောင်း ဖော်ပြထားသည်။

 

ကူးစက်ခံရသူ ၁၁၉၂၀ ဦးခန့်သည် သီးသန့်ခွဲခြားထားသော နေရာများတွင် ကုသမှုခံယူခဲ့သည်။အဆိုပါ သီးသန့်ထားရာနေရာများရှိ ကူးစက်ခံရသူများကို အနီးကပ်စောင့်ကြည့်စစ်ဆေးပြီး လိုအပ်ပါက ဆေးရုံသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို