စင်ပြိုင်သမ္မတ ဂွိုက်ဒို ကို ထောက်ခံတဲ့ ဂျာမန်သံအမတ်ကို ဗင်နီဇွဲလားနိုင်ငံက နှင်ထုတ်

၇ မတ်

ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ ဂျာမနီ သံအမတ်ကို ဗင်နီဇွဲလား နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က နှင်ထုတ်ခဲ့ကြောင်း သိရပါတယ်။ ဂျာမနီသံအမတ် ဒန်နီရယ် ကိုင်နာ ဟာ စင်ပြိုင်သမ္မတ ဂွိုက်ဒို တနင်္လာနေ့က နိုင်ငံကို အပြန်အရောက်မှာ ကာရာကတ်လေဆိပ်မှာ သွာရောက်နှုတ်ဆက်ခဲ့တဲ့အတွက် ဗင်နီဇွဲလား ပြည်တွင်းအရေးကို ဝင်ရောက်စွပ်ဖက်တယ်လို့ စွပ်စွဲပြီး  ၂၄ နာရီအတွင်း ထွက်သွားဖို့ နှင်ထုတ်ခံရတာဖြစ်ပါတယ်။

 

mdn

 

ဂွိုက်ဒို ကို ထောက်ခံတဲ့ နိုင်ငံ ၅၀ ကျော်မှာ ဂျာမနီနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ ဂျာမနီသံအမတ် ကိုင်နာဟာ ဗင်နီဇွဲလားနိုင်ငံ အတွင်းကို လူသားခြင်းဆိုင်ရာ ပစ္စည်းတွေရောက်အောင်လည်း ကူညီတဲ့သူဖြစ်ပါတယ်။ ဗင်နီဇွဲလားပြည်သူတွေကို ကူညီသူတွေအား မာဒူရိုအစိုးရဖွဲ့က ခွင့်မလွတ်ဘဲ အခုလို လုပ်ဆောင်တယ်လို့ ဂွိုက်ဒိုက ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဗင်နီဇွဲလားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ တိုးလုပ်နေရာ မာဒူရိုအစိုးရနဲ့ ဆက်နွယ်သူ ၇၇ ဦးရဲ့ ဗီဇာတွေကို ပယ်ဖျက်ခဲ့ပါတယ်။ ဗီဇာပယ်ဖျက်ခံရသူတွေထဲမှာ အစိုးရဝန်ထမ်းနဲ့ မိသားစုများပါရှိ ကြောင်း သိရပါတယ်။ နောက်ထပ် ဗင်နီဇွဲလား ၂၅၀ ရဲ့ ဗီဇာတွေကိုလည်း ပိတ်ပင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

mdn

 

အသက်၃၅ နှစ်အရွယ် စင်ပြိုင်သမ္မတ ဂွိုက်ဒိုဟာ တောင်အမေရိကန်နိုင်ငံများကို ၁၀ရက်ကြာ သွားရောက် လည်ပတ်ခဲ့ရာမှ တနင်္လာနေ့က ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာ အမေရိကန် ဒုသမ္မတ၊ ကိုလံဘီယာ၊ ဘရာဇီး၊ အာဂျင်တီးနား၊ ပါရာဂွေး၊ ချီလီနဲ့ အက်ကွေဒေါ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

အင်္ဂါနေ့ ဗင်နီဇွဲလား အလုပ်သမားသမဂ္ဂခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂွိုက်ဒို ကို မာဒူရိုအစိုးရက ဖမ်းဆီးမယ်လို့ ပြောဆိုထားပေမယ့် လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

လာမယ့်စနေနေ့မှာ ဗင်နီဇွဲလားနိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲလုပ်ဆောင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

MDN
ကိုးကား- AFP

 

mdn