စံချိန်သစ်တင်လိုက်တဲ့ ဂျေဟုပ်ရဲ့ Hope World

ကေပေါ့ပ်တေးသံရှင်တစ်ဦးဖြစ်သူ ဂျေဟုပ်ဟာ တောင်ကိုရီးယားအမျိုးသားတေးဂီတ အဖွဲ့ BTS ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော်တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Hope World ဟာ လက်ရှိ မှာ အိုင်ကျွန်းတေးဂီတဇယားတွေရဲ့ ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ‌အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။

အဆိုပါ တေးသီချင်းဟာ ဩဂုတ် ၃ ရက်မှာ နီပေါနိုင်ငံရဲ့ အိုင်ကျွန်းတေးဂီတဇယားရဲ့ နံပါတ်တစ်နေရာ ရရှိခဲ့ပါတယ်။ ဒါကြောင့် အဆိုပါ တေးသီချင်းဟာ ကမ္ဘာတစ်ဝန်းက နိုင်ငံနဲ့ ဒေသပေါင်း ၁၀၉ ခုရဲ့ အိုင်ကျွန်းတေးဂီတဇယားတွေကို ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုနဲ့အတူ ဂျေဟုပ်ဟာ အိုင်ကျွန်းတေးဂီတဇယားမှာ နိုင်ငံနဲ့ဒေသအများ ဆုံးကို ဦးဆောင်နိုင်တဲ့ တေးသံရှင်တစ်ဦးအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါပြီ။ ယခင်က အဆိုပါစံချိန်ကို တေးသံရှင်ဘီယွန်းစေးက ရရှိခဲ့တာဖြစ်ပြီး ဘီယွန်းစေးရဲ့ တေးသီချင်း Lemonade ဟာ အိုင်ကျွန်းတေးဂီတဇယား ၁၀၈ ခုကို ဦးဆောင်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်