ရန်ကုန် ၂၃ မတ်

 

စန်းမောင်မြင့် ဒါနဥပပါရမီသွေးလှူကုသိုလ် ဖောင်ဒေးရှင်း က ကြီးမှူးပြုလုပ်မည့် (၂၄)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီးဝင်းထောင့် ရှိ အမျိုးသားသွေးဌာန (အမျိုးသားသွေးလှူဘဏ်) ၌ ၂၀၂၀ ဧပြီလ (၅)ရက်  တနင်္ဂနွေနေ့ နံနက် ၇ နာရီခွဲ မှ ၁၁ နာရီခွဲထိ ပြုလုပ်မည် ဖြစ်ပါသဖြင့် မည်သူမဆို ကြွရောက် သွေးလှူဒါန်းနိုင်ပါကြောင်းနှင့် သွေးလှူရှင်များအား သွေးလှူဘဏ်မှ ပုံမှန်ကျွေးမွေး ထောက်ပံ့မှုများအပြင်  “စန်းမောင်မြင့် သွေးလှူကုသိုလ် ဖောင်ဒေးရှင်း မှ  အမှတ်တရ လက်ဆောင်များ (ခေါက်ထီး၊  ခရီးဆောင်အိတ်ငယ်၊ လက်သန့်ဆေးရည်၊ ဝါးမီးသွေး မျက်နှာသစ် ဆပ်ပြာ) တို့ဖြင့် ပံ့ပိုးဂုဏ်ပြုမည်ဖြစ်ပြီး သွေးလှူဒါန်းမည့်သူများ “စန်းမောင်မြင့် သွေးလှူကုသိုလ်ဖောင်ဒေးရှင်း ဝ၉-၄၄၉၂၅၃၇၆၇၊ ဝ၉-၆၉၅၁၃၅၅၁၅ ဖုန်းနံပါတ်များသို့ ဧပြီလ ၃ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းပါရန် မေတ္တာရပ်ခံထားကြောင်း သတင်း ရရှိသည်။

 

(သတင်းစဉ်)