ရန်ကုန်၊ ၁၀ ဇန်နဝါရီ

 

“စန်းမောင်မြင့် ဒါနဥပပါရမီ သွေးလှူကုသိုလ်ဖောင်ဒေးရှင်း” က ကြီးမှူးပြုလုပ်မည့် (၂၉) ကြိမ်မြောက်  စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီးဝင်းထောင့် ရှိ အမျိုးသားသွေးဌာန (အမျိုးသားသွေးလှူဘဏ်) ၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၃၊ ၂၄၊  ၃၀ နှင့် ၃၁  ရက်များတွင် နံနက် ၇ နာရီခွဲ မှ ညနေ ၅  နာရီထိ COVID - 19 စည်းမျဉ်းများနှင့်အညီ စနစ်တကျ ပြုလုပ်မည်ဖြစ်ပါသဖြင့် မည်သူမဆို ကြွရောက် သွေးလှူဒါန်းနိုင်ပါကြောင်း နှင့် သွေးလှူရှင်များအား သွေးလှူဘဏ်မှ ပုံမှန်ကျွေးမွေး ထောက်ပံ့မှုများအပြင်  “စန်းမောင်မြင့် သွေးလှူကုသိုလ် ဖောင်ဒေးရှင်း” မှ  အမှတ်တရ လက်ဆောင်များ (UV ကာကွယ် ထီးကြီး၊ ခရီးဆောင်လက်ဆွဲအိတ်၊ 100% Cotton Sport Shirt ၊ ကြက်ဥ ၁၀ လုံး၊ လက်သန့်ဆေးရည် ၂ ဘူး၊ ခုရေ ၅၀ ပါ Mask ၁ ဘူး) တို့ဖြင့် ပံ့ပိုး ဂုဏ်ပြုမည် ဖြစ်ပြီး သွေးလှူဒါန်းမည့်သူများ အနေဖြင့် “စန်းမောင်မြင့် သွေးလှူကုသိုလ် ဖောင်ဒေးရှင်း” 09 449 253 767, 09 69 51 355 15 ဖုန်းနံပါတ်များသို့ ၂၃/ ၂၄ ရက်များအတွက် ၂၀- ၁- ၂၀၂၁ ၊ ၃၀/ ၃၁ ရက်များအတွက် ၂၇- ၁- ၂၀၂၁ နောက်ဆုံးထား၍ စာရင်းပေးသွင်းပါရန် မေတ္တာရပ်ခံထားကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်