နတ်တလင်း     ၆ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့တွင် ပြည်သူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ရေး၊ ယာဉ်တိုက်မှုကြောင့် ဖြစ်ပေါ်လာမည့် အသက်ဆုံးရှုံးမှုများ၊ ဥပဒေကြောင်းအရ အရေးယူမှုများ မဖြစ်ပွားစေရေးအတွက် စည်းကမ်းမဲ့ မောင်းနှင်မှုများအား ဖမ်းဆီးအရေးယူခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်-ပြည်လမ်း၊ သံဖြူရုံဂိတ် မီးပွိုင့်တွင် ဆောင်ရွက်ကြသည်။

 

စည်းကမ်းမဲ့ မော်တော်ယာဉ်မောင်းနှင်မှုများ ဖမ်းဆီးခြင်းကို သယာဝတီခရိုင်ယာဉ်ထိန်းတပ်ဖွဲ့ နတ်တလင်း မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆိုင်ကယ်ဉီးထုပ် မဆောင်းဘဲ မောင်းနင်သူများ၊ နောက်ကြည့်မှန်မပါဘဲ မောင်းနှင်သူများ၊ သုံးယောက် စီးနင်း မောင်နှင်သူများကိုဖမ်းဆီး၍ ဒဏ်ငွေပေးဆောင်စေပြီး အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဝင်းမြင့် နတ်တလင်းပြန်/ဆက်