mdn

ဒီနေ့အချိန်အခါဟာ ကျွန်မတို့နိုင်ငံမှာ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှု၊ ချစ်ကြည်လေးစားမှု၊ ရိုင်းပင်းကူညီမှုများ ပိုမိုလိုအပ်လာတဲ့ အချိန်အခါလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုသားချင်းများ တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ လုံ့လဝီရိယ၊ ရိုးသားဖြောင့်မတ်မှုစတဲ့ အရည်အချင်းများ ပိုမိုမြင့်မား၊ခိုင်မာလာအောင် တည်ဆောက်ရမယ့်အချိန် ဖြစ်ပါတယ်။ ဒါ့အပြင် အချင်းချင်းရိုင်းပင်းကူညီမှု၊ ချစ်ခင်လေးစားမှုများကိုအခြေခံပြီး ငြိမ်းချမ်းရေးကိုအရယူနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေချင်ပါတယ်။ ။

 

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၁-၂-၂၀၂၀ ရက်နေ့တွင် ကျင်းပသော သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀ ဖွင့်ပွဲအခမ်းအနား၌ ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)