စည်းလုံးခြင်းသည် အင်အားဖြစ်သည်။ စည်းလုံးခြင်းဖြင့် အန္တရာယ်ရန်စွယ် မှန်သမျှကို ဖယ်ရှားနိုင်သည်။ စည်းလုံးခြင်းဖြင့် အရာရာကို တည်ဆောက်နိုင်သည်။ စည်းလုံးခြင်း၏တန်ဖိုးမှာ ကြီးလှပါသည်။ စည်းလုံးခြင်းသည် ကောင်းခြင်းလက္ခဏာ၊  အောင်မြင်ခြင်းအဖုံဖုံဖြစ်စေသည်။  ထို့ကြောင့်    စည်းလုံးခြင်းကို    ခိုင်မြဲအောင် တည်ဆောက်ကြရသည်။ စည်းလုံးညီညွတ်မှုပြိုကွဲသည်နှင့် မည်သည့်အသိုက်အဝန်း မဆို ပြိုကွဲပျက်စီးခြင်းသို့ ရောက်နိုင်ပေသည်။

မြန်မာနိုင်ငံ၏  သမိုင်းကြောင်းကိုလေ့လာကြည့်လျှင်  စည်းလုံးညီညွတ်မှုကို အခိုင်အမာတည်ဆောက်နိုင်သောကာလများ၌ နိုင်ငံ၏အင်အား တောင့်တင်းခိုင်မာ နေသည်ကို တွေ့ရမည်ဖြစ်သည်။  နိုင်ငံတကာအလယ်တွင်  ဝင့်ထည်မော်ကြွားစွာ ငွားငွားစွင့်စွင့်နေထိုင်နိုင်ပြီး   တိုင်းပြည်မှာလည်း   အေးချမ်းသာယာဝပြောကာ ပြည်သူများ စိတ်ချမ်းသာစွာနေထိုင်ကြရသည်။ စည်းလုံးညီညွတ်ရေး လျော့နည်း သောကာလများတွင် တိုင်းပြည်မတည်မငြိမ်ဖြစ်ပြီး စည်းလုံးညီညွတ်မှုပျက်ပြား သောအခါ  တိုင်းပြည်ပြိုလဲပျက်စီးခဲ့သည်ကို  မြန်မာနိုင်ငံသာမက  ကမ္ဘာပေါ်ရှိ နိုင်ငံအချို့တွင် မြင်တွေ့နိုင်သည်။

မျက်မှောက်ကာလသည် တိုင်းပြည်စည်းလုံးညီညွတ်မှု  အားနည်းနေသည်ဟု ဆိုနိုင်ပါသည်။   စည်းလုံးညီညွတ်မှုလျော့နည်းနေချိန်တွင်  တိုင်းပြည်ပြိုကွဲစေရန် အတွက် ပြည်တွင်း / ပြည်ပ အမျိုးသားသစ္စာဖောက်များနှင့် နယ်ချဲ့လက်သစ်များက ကြံစည်အားထုတ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ပထဝီ နိုင်ငံရေးအရ   အရေးပါသည့်နိုင်ငံဖြစ်သည့်အပြင်   အခြားနိုင်ငံများနှင့်မတူသည့် သယံဇာတပေါကြွယ်ဝသောနိုင်ငံဖြစ်သည်။   ယင်းကိုအကြောင်းပြု၍   နယ်ချဲ့ လက်သစ်တို့၏ နိုင်ငံရေးအရ  သွတ်သွင်းနိုင်ရန်  ကြံစည်မှုများနှင့် အမျိုးသားသစ္စာ ဖောက်များကိုအသုံးချ၍ စည်းလုံးညီညွတ်မှုပျက်ပြားစေရန် လုပ်ဆောင်ခဲ့ကြသည်။

ပြီးခဲ့သည့်  ငါးနှစ်တာကာလတွင်  မြန်မာနိုင်ငံ၏  စည်းလုံးညီညွတ်မှုလျော့နည်း လာခြင်းနှင့် မြန်မာတို့၏ အမျိုးသားယဉ်ကျေးမှုနှင့်စရိုက်လက္ခဏာ ပျက်ပြားစေရန် အကြောင်းအမျိုးမျိုး ဖန်တီးလာခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုဖန်တီး ပြီး ဥပဒေနှင့်မညီသည့် အာဏာရယူရေးဆောင်ရွက်လာသောကြောင့် တပ်မတော် သည် နိုင်ငံတော်၏တာဝန်ကို ခေတ္တရယူခဲ့ရသည်။ တပ်မတော်အနေဖြင့် နိုင်ငံတော် ၏တာဝန်များကို   ဆောင်ရွက်နေသည့်အချိန်တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို အရပ်ဘက်၊ စစ်ဘက်ပုဂ္ဂိုလ်များနှင့်ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊   ဦးတည်ချက်(၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ထိုကာလတွင် နိုင်ငံရေးအရ ဆူပူမှုများ၊ အကြမ်းဖက်မှုများကို အခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ သည်။ 

အဆိုပါကာလတွင် နိုင်ငံရေးအရ အကျပ်အတည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန် အခက်အခဲများကို အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့၍ စိန်ခေါ်မှုအမျိုးမျိုးကို ကျော်လွှားဖြတ်ကျော်နိုင် ခဲ့သည်။ လက်ရှိကာလတွင်  နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက်  ကာလရှည်ကြာ နေသည်ဟု ဆိုကြသူများရှိသည်။ ၂၀၁၁-၂၀၂၀ ဒီမိုကရေစီအစိုးရကာလများတွင် တပ်မတော်နှင့်ပြည်သူအကြား တိုးတက်လာသောဆက်ဆံရေးကို မလိုလားသည့် ပြည်တွင်း / ပြည်ပမှ မသမာသူများက နိုင်ငံအတွင်း ပြည်သူအချင်းချင်း သွေးကွဲစေ ရန်အတွက် သွေးထိုးလှုံ့ဆော်ဖန်တီးမှုများ ပြုလုပ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်အစောပိုင်း ကာလများတွင် နယ်ချဲ့လက်သစ်များ မြန်မာနိုင်ငံအပေါ် အကွက်ချစီမံဆောင်ရွက် နိုင်မှုများနှင့်  အချင်းချင်းမညီညွတ်ရေး  ဆောင်ရွက်ထားမှုများအရ  ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကာလတွင် မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်ခဲ့သည်ဟု ဆိုနိုင် သည်။

မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းများရှိပြီး စားရေရိက္ခာပေါများသည့်နိုင်ငံ ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ စိုးရိမ်ဖွယ်ရာဖြစ်ပွားနေချိန်တွင် လယ်ယာစိုက်ပျိုးရေး နှင့်မွေးမြူရေးလုပ်ငန်းများကို အလျဉ်မပြတ်ဆောင်ရွက်နိုင်ခဲ့သဖြင့် စားရေရိက္ခာ ဖူလုံလောက်ငလျက်ရှိသည်။ ယခုအခါ နိုင်ငံစီးပွားရေးသည် တိုးတက်ကောင်းမွန် သည့်ဘက်တွင်ရှိနေပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ဆောင်ရွက် လျက်ရှိသည်။ EAO အချို့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူအချို့၏ တိုက်ခိုက်ဖျက်ဆီးမှုများရှိနေပြီး ၎င်းအဖျက်သမားများသည် ပြည်သူများကြားတွင် အကာအကွယ်ယူကာ  တိုက်ခိုက်ဖျက်ဆီးနေခြင်းကြောင့်  တပ်မတော်နှင့် ပြည်သူ စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ နယ်ချဲ့လက်သစ်များနှင့် နယ်ချဲ့လက်ဝေခံ အမျိုးသားသစ္စာဖောက် များက တိုင်းပြည်ပြိုကွဲပျက်စီးစေရန်အတွက် အမျိုးမျိုးအဖုံဖုံ ကြံစည်အားထုတ် နေကြသဖြင့် ပြည်သူနှင့်ပြည်သူ၊ တပ်မတော်နှင့်ပြည်သူ တစ်သားတည်းဖြစ်အောင် စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။    ။