မတ္တရာ  ၁၀  ဇွန်

 

စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲခြင်းနှင့် ပတ်သက်၍ မဟာဗျူဟာချမှတ်ခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် စည်ပင်သာယာရေး ကော်မတီဉက္ကဌ ဦးစန်းအောင်မှ စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲခြင်းနှင့် ပတ်သက်၍ မဟာဗျူဟာ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း စီမံချက်မူကြမ်းကို ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ တင်ပြခဲ့သော စီမခံချက်မူကြမ်းအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဉက္ကဋ္ဌနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)

 

DSC09