နေပြည်တော် ၅ စက်တင်ဘာ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ကိုရီးယားသမ္မတနိုင်ငံ Jung Ho E & C ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ Mr. Yang Tae Young နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် စွန့်ပစ်ပစ္စည်းဆိုင်ရာမူဝါဒများ၊ မြို့ကြီးများအလိုက် စွန့်ပစ်ပစ္စည်း ထွက်ရှိမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာအခြေအနေများ၊ မြေမြှုပ်စွန့်ပစ်ခြင်း၊ မီးရှို့ခြင်း၊ အမှိုက်မှ စွမ်းအင်ထုတ်ယူခြင်းဆိုင်ရာ အတွေ့အကြုံများနှင့် နည်းလမ်းများ၊ စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ၊ ရန်ပုံငွေအကူအညီရယူ၍ pilot project အဆင့်မှ ကာလရှည်ဆောင်ရွက်သွားနိုင်မည့် လုပ်ငန်းစီမံကိန်းအလားအလာများ၊ စွမ်းအင်ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် လုပ်ငန်းစီမံကိန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

(သတင်းစဉ်)