စဉ့်ကိုင် ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သော အခြေခံ ရှေးဦးပြုစုခြင်း ( ၁ / ၂၀၂၂ ) သင်တန်းဖွင့်ပွဲ ကို ဇန်နဝါရီ ၂ ရက် နံနက် ၁၀ နာရီက ဆည်ရွာကျေးရွာ တောရစလေကျောင်း၀င်းအတွင်းရှိ အနန္တဂုဏ်ရည်ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင်၊ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီအဖွဲ့၀င် ဒေါ်လွင်လွင်မာ က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေး အဖွဲ့ ဒုခရိုင်တပ်ဖွဲ့မှူး ဒေါ်နွဲ့နွဲ့ထွေး က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြို့နယ်ဒုတိယဦးစီးမှူးက ကိုဗစ်-၁၉ရောဂါ အိုမီခရွန်နှင့်ပတ်သက်ပြီးကာကွယ်ရမည့် နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့သည်။
သင်တန်းတွင် နည်းပြများအဖြစ် ကျောက်ဆည်ခရိုင်ကြက်ခြေနီအုပ်ချုပ်ရေးအဖွဲ့ ဒုခရိုင်တပ်ဖွဲ့မှူး ဒေါ်နွဲ့နွဲ့ထွေး၊ ဦးအောင်နိုင်မင်း၊ စဉ့်ကိုင်မြို့နယ်တပ်ဖွဲ့မှူး ဒေါ်နီနီ၊ ဒေါ်မြင့်မြင်စန်း(တပ်ခွဲမှူး)၊ ဒေါ်ဒါဒါလွင် (တပ်ခွဲမှူး) တို့က စာတွေ့လက်တွေ့ပို့ချခဲ့ပြီး အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၂၅)ဦး တက်ရောက် သင်ကြားခဲ့ကြောင်းသိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)