ကျောက်ဆည် ၂၉ မေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဘဏ္ဍာရေးနှစ် အလိုက်ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း(VDP)နှင့် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ကျေးရွာ(၂၈)ရွာ တို့တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ကျေးရွာ(၁၂)ရွာအနက် ကြက်မျှားကျေးရွာအုပ်စု၊ကြက်မျှား ကျေးရွာတွင် VDP စီမံကိန်း ထောက်ပံ ငွေကျပ်သိန်း(၁၀ဝ) အပြင်ပြည်သူလူထု၏ စိတ်အားထက်သန်စွာ ပါဝင်မှုကြောင့် ကျေးရွာတွင်းလမ်းအရှည် ပေ (၆၂၀ဝ) အကျယ် (၁၂)ပေ၊ ထု(၆)လက်မ ဖြင့် ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို မေ(၂၉)ရက် နံနက် ၈ နာရီက ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်ဒေသများအားမြို့ပြ သဏ္ဍာန်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) သည်လည်း ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သော စီမံကိန်းတစ်ခု အဖြစ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တင်တင်ထွေး(ပြန်/ဆက်)


