စဉ့်ကိုင်၊ ၁၉ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက မိမိပတ်ဝန်းကျင်ရှိ မသန်စွမ်းသူများကို ခွဲခြားဆက်ဆံခံရခြင်း ဖိနှိပ်ခံရခြင်းများရှိပါက မသန်စွမ်းသူများနှင့် ပတ်သက်ပြီး ဉပဒေထုတ်ပြန်ထားသည့်အတွက် စိတ်ဓာတ်ခွန်အားကို တိုးစေကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင် ဒေါ်မြင့်မြင့်သန်း က မသန်စွမ်းသူ အမျိုးအစားများနှင့် မသန်စွမ်းသူများကို နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို ဆွေးနွေးပြော ကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ဝင် ဒေါ်နွဲ့နွဲ့ထွေးက မိမိတို့အဖွဲ့ဝင်များက မသန်စွမ်း သူ များအားစိတ်ဓာတ်ခွန်အား မြှင့်တင်ပူးပေါင်းကူညီဆောင်ရွက်ပေးနေ မှုအခြေအနေများနှင့် မသန်ပေမယ့် စွမ်းသူများအကြောင်းကို လည်းဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူများ အသိပညာဗဟုသုတရစေရန် နှင့် မသန်စွမ်းသူများအနေဖြင့်လည်း စိတ်ဓာတ်ခွန်အားတိုးမြှင့်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန မြို့နယ် ပြည်သူ့စာကြည့်တိုက်မှ အသိပညာပေး ဆွေးနွေးပွဲTalk Show ကျင်းပဆောင် ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင် ပြန်/ဆက်)


