စဉ့်ကိုင် ၁၇ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများကို စပါးနှင့်အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် (၁၁) နာရီက မုန်ပေါင်းကျေးရွာအုပ်စုကို ထုတ်ချေးပေးလျက် ရှိကြောင်းသိရသည်၊၊
ထိုသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးကြည်စိုးနှင့် ဝန်ထမ်းများက တောင်သူများအား နိုင်ငံတော်မှ အတိုးနှုန်းသက်သာစွာဖြင့် စီးပွားရေးအဆင်ပြေစေရေး စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ နွေစပါးနှင့်မိုးစပါး တို့အတွက် တစ်ဧကလျှင်ငွေကျပ် (၁၅၀၀၀ဝိ/ )နှုန်းဖြင့်လည်းကောင်း အခြားသီးနှံများဖြစ်သည့် ပဲအမျိုးမျိုး၊ နှမ်း ၊ ငရုတ်၊ ကြက်သွန် စသည့် သီးနှံများအတွက် တစ်ဧကလျှင် ငွေကျပ် (၁၀၀၀၀ဝ) နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည်၊၊
စဉ့်ကိုင်မြို့နယ် မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ အနေဖြင် ကျေးရွာအုပ်စု (၄) အုပ်စုမှ တောင်သူ (၉၃) ဦး တို့ကို ငွေကျပ် (၅၁၀၀၀၀၀ဝ ) အား ထုတ်ချေးပေးပြီးဖြစ်ရာ ကျန်ရှိနေသည့် ကျေးရွာအုပ်စုမှ တောင်သူများကိုလည်း အမြန်ဆုံး ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မန်နေဂျာ ဦးကြည်စိုး ထံကသိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင် ပြန်/ဆက်)


