စဉ့်ကိုင် ၊ ၁၁ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တောင်ရင်းကျေးရွာအုပ်စု၊ နဘဲကျေးရွာ အတွင်းရှိ မြန်မာလင်းကျန်း ရှူးဖိနပ်စက်ရုံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ /မရှိစစ်ဆေးခြင်းကိုယနေ့ နံနက် ၁၀ နာရီက စက်ရုံအတွင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာလင်းကျန်းရှူးဖိနပ် စက်ရုံအားစစ်ဆေးရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်ချက်များအတိုင်း စက်ရုံဝန်ထမ်းများကို စက်ရုံအဝင်ပေါက်တွင် ကိုယ်အပူချိန် တိုင်းတာခြင်းရှိ/မရှိ၊ လက်ဆေးဘေစင်များ ထားရှိပေးခြင်း ရှိ/ မရှိ၊ စက်ရုံဝန်ထမ်းများ နှာခေါင်းစည်း Mask များ၊ Face Shield များ တပ်ဆင်၍ လုပ်ငန်းဆောင်ရွက်ခြင်းရှိ/မရှိ၊ တစ်ဦးနှင့် တစ်ဦး(၆)ပေ အကွာတွင် လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်ပေးခြင်း ရှိ / မရှိ ၊ စက်ရုံ အလုပ်ရုံများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီဖွဲ့စည်းထားခြင်း ရှိ / မရှိ၊ အလုပ်သမားများ နေထိုင်ရာ အဆောင်များတွင် သတ်မှတ်ထားသည့် ညွှန်ကြားချက်များအတိုင်း စီစဉ်ပေးထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျောက်ဆည်ခရိုင်အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးစံလှ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးလှဝင်း ၊ ဒုတိယမြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသက်ကိုကိုလွင်၊ ပြည်သူ့ကျန်းမာရေး ဆရာမကြီး ဒေါ်နုနုလွင်နှင့်ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင် ပြန်/ဆက်)


