စဉ့်ကိုင်မြို့နယ် နန်းနီကျေးရွာတွင် ထန်းလျှော်တောင်းများ ရက်လုပ်ခြင်းဖြင့် မိသားစုအပို၀င်ငွေရရှိ

စဉ့်ကိုင်      ဇူလိုင်        ၁၃

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်  နန်းနီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ထန်းလျှော် တောင်းများ ရက်လုပ်ခြင်းဖြင့် မိသားစုအပို၀င်ငွေ ရရှိကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ် နန်းနီကျေးရွာအုပ်စုအတွင်းရှိ နေပူရွာ၊ မြေတော်၊ မြောက်အင်း၊ ကုန်းသာကျေးရွာများ၌ အသုံးအဆောင် ပစ္စည်းများဖြစ်သည့် ထန်းလျှော်တောင်း ရက်လုပ်ခြင်းကို    လယ်ယာလုပ်ငန်းနားချိန် တွင်  ဒေသထွက်  ထန်းလျှော်များဖြင့်   တောင်းများယက်လုပ်ကြောင်း၊ ထန်းလျှော်တောင်းသည် ခိုင်ခန့်သည့်အတွက် တောင်သူများက အဓိကထား၀ယ်ယူသုံးစွဲလျက်ရှိကြောင်း၊ စပါးချိန်တောင်း တစ်လုံးလျှင် ငွေကျပ် ၂၀၀ဝ ဖြင့် လည်းကောင်း၊ ငရုပ်ကောက်တောင်းနှင့် နွားချေးတောင်းတို့ကို ငွေကျပ် ၁၅၀ဝ ဖြင့် ရောင်းချရကြောင်း သိရသည်။

ကျေးရွာအရောက်လာရောက်၀ယ်ယူလျက်ရှိသောကြောင့် ငွေတစ်သောင်းကျပ် ရင်းနှီးလျှင် ထက်၀က်ခန့် အမြတ်ရရှိပြီး လူတစ်ဦးလျှင် တစ်နေ့ ပျမ်းမျှ (၈)လုံးခန့် ပြီးစီးသည့်အတွက် မိသားစုအပို၀င်ငွေရရှိ၍ အဆင်ပြေနေကြောင်း မြေတော်ကျေးရွာမှ ဒေါ်စန်းစန်းနုက ပြောသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)