စဉ့်ကိုင် ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အုပ်စုမှ နေအိမ်များအား အိမ်နံပါတ် တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက တရုတ်စု၊ ရန်နိုင်၊ ရန်အောင်မြင်ရပ်ကွက်များရှိ နေအိမ်များတွင် ကွင်းဆင်း တပ်ဆင်ပေးလျက်ရှိသည်။
အိမ်နံပါတ်များ ကွင်းဆင်းတပ်ဆင် ဆောင်ရွက်ရာတွင် စဉ့်ကိုင်မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဝင်းစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးဇော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးတင်မောင်လွင်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးအောင်ဆွေဦး၊ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ခံ ဦးဇော်မျိုးထွန်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
စဉ့်ကိုင်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၅၃ အုပ်စု၊ ကျေးရွာ ၁၆၃ ရွာမှ အိမ်ခြေ ၂၉၀၀၀ ကို အိမ်နံပါတ် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ညိုညိုဝင်း(ပြန်/ဆက်)