စဉ့်ကိုင်မြို့နယ် တွင်သံဃာတော်များအား ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိ /  မရှိ RDT  Test Kit ဖြင့် အခမဲ့ စစ်ဆေး

 

စဉ့်ကိုင်၊ စက်တင်ဘာ ၂၁

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်  ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများမှ သံဃာတော်များ၊ သီလရှင်များအား ကိုဗစ်၁၉-ရောဂါကူးစက်မှု ရှိ/မရှိ  RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက အုန်းပင်ခြံကျေးရွာရှိ ပညာဓိကာရုံစာသင်တိုက်မှ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု   ရှိ / မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့  စစ်ဆေးရာတွင်   မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊   ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးလွင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်ယဉ်နွယ်မြင့်၊  ကျန်းမာရေးမှူး  ဦးအောင်ကျော်သင်းနှင့်  ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောက်ရွက်ခဲ့ပြီး သံဃာတော်(၇၉)ပါး၊  လူပုဂ္ဂိုလ်(၇) ဦး  တို့အား RDT Test  Kit  ဖြင့်   စစ်ဆေးခဲ့ရာ သံဃာတော်များနှင့်    စာသင်သားများတွင်  ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု မရှိကြောင်း သိရှိသည်။

           

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး စာသင်တိုက်များ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ကွင်းဆင်း၍ ကိုဗစ်၁၉-ရောဂါ ကူးစက်မှုရှိ/မရှိ စစ်ဆေးခြင်းများ ဆက်လက် ဆောင်သွားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

                                                                                                                

ဝင်းဝင်းသန်း(စဉ့်ကိုင်)