စဉ့်ကိုင် စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း၌ ဇော်ဂျီမြစ်၊ ပန်းလောင်မြစ်နှင့် ဒုဌဝတီမြစ်ရေ လျှံတက်မှုကြောင့် ရေဝင်နစ်မြုပ်ခဲ့သည့် စာသင်ကျောင်း (၈)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ပြည့်ဖြိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ခေတ္တဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရေဝင်နစ်မြုပ်ခဲ့သည့် စာသင်ကျောင်း (၈)ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးဗလာ စာအုပ် (၅၀၀)ဒါဇင်၊ Power အကြမ်းစာအုပ် (၄၅၀)ဒါဇင်၊ ဒေါက်ချွန် (၂၇၅)ဘူး၊ Joyko ခဲတံ (၃၂၅)ဒါဇင်၊ Comet (၃၀)ချောင်းပါ ဘောပင် (၁၀၀)ဘူး၊ (၁၂)လက်မပေတံ (၁၃၀)ဒါဇင်၊ စုစုပေါင်းစာရေးကိရိယာ (၆)မျိုး၏ တန်ဖိုး ကျပ် ၅၄၃၄၀၀၀ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ရေဝင်နစ်မြုပ်ခဲ့သည့် စာသင်ကျောင်း (၈)ကျောင်း(ကိုယ်စား) အ.ထ.က(ခွဲ)(စော်ရဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်သိန်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)


