စဉ့်ကိုင်၊  ၂၁       မေ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ တဘက်ဆွဲကျေးရွာအုပ်စု အရှေ့ရွာသစ်ကျေးရွာ၌  ကျေးရွာဖွံ့ဖြိုးရေးစီးမံကိန်း (VDP) ရန် ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုအား မေ (၂၁)ရက် နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စဉ့်ကိုင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး  ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးမင်းနိုင် နှင့်ဝန်ထမ်းများက တဘက်ဆွဲကျေးရွာအုပ်စု အရှေ့ရွာသစ်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုအားကွင်းဆင်း စစ်ဆေးခဲ့ရာ ၂၀၂၀−၂၀၂၁  ဘဏ္ဍာ ရေးနှစ် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (VDP) ရန်ပုံငွေ သိန်း (၁၀၀)ကျပ် နှင့် ပြည်သူလူထု ပူးပေါင်း ပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိရာ လက်ရှိအနေဖြင့် လမ်းအရှည်ပေ(၇၀၀)၊ အကျယ်(၁၂)ပေ၊ ထု (၆)လက်မ ထိခင်းကျင်းဆောင်ရွက်ပြီးစီးကြောင်းသိရပြီး  ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ပြီးစီးသွားပါက ကျေးရွာပြည်သူများ အလွယ်တကူ သွားလာနိုင်သည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး ဘဝဖွံ့ဖြိုးတိုးတက်သွားမည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူးဦးအေးမင်းနိုင်ထံမှ သိရသည်။

ဝင်းဝင်းသန်း (စဉ့်ကိုင် ပြန်/ဆက်)

MDN