နေပြည်တော်  ၂၈  ဇူလိုင်

           

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ် ခန့်က ရှမ်းရွာလေးကျေးရွာ မီးလင်းရေးကော်မတီဝင် ၆ ဦးအား မီးလင်းရေးကော်မတီ၏ ကောက်ခံ ရရှိငွေများကို အလွဲသုံးစားပြုလုပ်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

           

ဖြစ်စဉ်မှာ ရှမ်းရွာလေးကျေးရွာ မီးလင်းရေးကော်မတီဝင် သိန်းဝင်းပါ ၆ ဦးတို့သည် မီးလင်းရေး ကော်မတီ၏ ကောက်ခံရရှိငွေ ကျပ် (၁၀,၉၆၀,၃၀၀) အနက် ငွေကျပ် (၅,၆၁၂,၁၀၀) သာ သုံးစွဲထားရှိပြီး လက်ကျန်ငွေကျပ် (၅,၃၄၈,၂၀၀) အား စာရင်းရှင်းလင်းခြင်းမရှိဘဲ အလွဲသုံးစား ပြုလုပ်ထားသဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)