စဉ့်ကိုင် ဧပြီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ နှစ်သစ်ကူးကာလအတွင်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများ၌ မဟာသင်္ကြန်အတက်နေ့တွင် ဘုန်းတော်ကြီးကျောင်းများ၊ တရားစခန်း များသို့ သွားရောက်ပြီး အေးချမ်းစွာဖြင့် ဥပုသ်သီလခံယူဆောက်တည်လျက်ရှိကြောင်း သိရသည်။
နှစ်သစ်ကူး မဟာသင်္ကြန်ကာလအတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းများ၌ အဘိုး အဘွားများ၊ ဒေသခံပြည်သူများက ဥပုသ် သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ ဘာ၀နာတရား ပွားများခြင်းတို့ကို စိတ်အေးချမ်းသာစွာ ကုသိုလ်ယူ ပွားများအားထုတ်လျက်ရှိသည်။ ထို့အပြင် အလှူရှင်များက ဥပုသ်သီလ ဆောက်တည်သူများအား စတုဒိသာ ထမင်း၊ ဟင်းများ၊ ဖျော်ရည်အအေးများ ကုသိုလ်ပြု ကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)