စဉ့်ကိုင် ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၃၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မျိုးထွန်းက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်နိုင်ရေးနှင့် ပတ်သတ်ပြီး လိုက်နာရမည့် နည်းလမ်းများအား တကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့သည့်။

ဆက်လက်၍  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ် ကြုံတွေ့လာလျှင် ထိခိုက်မှုအန္တရာယ်များ လျော့ချနိုင်ရန်အတွက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်မှူးများအား လက်တွေ့သရုပ်ပြသ လေ့ကျင့်သင်ကြားပေးခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်မှူးများက တက်ကြွစွာ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)