စဉ့်ကိုင်၊ ၁၂ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဘယ်လင်းကျေးရွာအုပ်စုနှင့် တောင်ရင်းကျေးရွာအုပ်စု တို့အား သောက်သုံးရေရရှိစေရေး ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီက အဆိုပါကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်း၊ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန့်၊ မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဘယ်လင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ခုနစ်ရွာနှင့် တောင်ရင်း ကျေးရွာ အုပ်စုအတွင်းရှိ ကျေးလက်ပြည်သူများ ရေအခက်အခဲမရှိစေရေး၊ သောက်သုံးရေရရှိရန် ဆက်သွယ် ဆောင်ရွက်မည့်နည်းများ၊ မြေနေရာအခြေအနေကို ကြည့်ရှုစစ်ဆေးကြပြီး သန့်ရှင်းသော သောက်သုံးရေ ရရှိရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဇော်ဂျီမြစ်ရေကို သန့်စင်ပြီး ရွှေမြင်းတင်တောင်ပေါ်သို့ ပို့ဆောင်ကာ အဆိုပါကျေးရွာများကို ရေပြန်စနစ်ဖြင့် သောက်သုံးရေရရှိစေရေး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းဝင်းသန်း(ပြန်/ဆက်)


