စဉ့်ကိုင် ၆ သြဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ဝယ်ယူသည့် အရန်ရိက္ခာစားအုံးဆီများကို စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရှိ ပြည်သူဝင်ဆောင်မှုရုံး (OSS)တွင် အရန်ရိက္ခာဆီပုံးများကို စတင်လက်ခံ သိုလှောင်ထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ အရန်ရိက္ခာစားအုန်းဆီများကို သိုလှောင်ရာတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီစဉ်ဖြင့် စဉ့်ကိုင်မြိုနယ် တွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦး၀င်း၀င်းစိုး(အဖွဲ့ခေါင်းဆောင်) အဖြစ် လက်ခံသိုလှောင်ရေး ကြီးကြပ်မှုအဖွဲ့များကို ဖွဲ့စည်းပေးထားပြီး ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားမူ မြင့်မားလာလျှင်ပြည်သူလူထု စားနပ်ရိက္ခာ အခက်အခဲရှိသည့်အချိန်၌ စားနပ်ရိက္ခာအဆင်ပြေစေရန် သိုလှောင်ထားခြင်းဖြစ်ပြီး ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ တိုင်းဒေသကြီး အစိုးရအဖွဲရဲ့ စီစဉ်မှုနှင့်အတူ ဖြန့်ဝေပေးသွားမည် ဖြစ်သည်။
ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်လျက်ရှိသော ကိုဗစ်−၁၉ ရောဂါ ပြန့်ပွားမှုနှုန်းမြင့်မားလာပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြစ် ပြည်သူများကို ခွဲတမ်းဖြင့် ဖြန့်ဖြူးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆီကုန်သည်များ ဆီလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ စဉ့်ကိုင်မြို့နယ်အတွက် (၉) ပိဿာဆံ့ အရန်ရိက္ခာဆီပုံး (၁၉၂၂) ပုံး၊ (၃၃၂၈၀ -KG) ကို လက်ခံသိုလှောင်ရေးအဖွဲ့မှ လက်ခံသိုလှောင် ထားလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဦးစီးမှူး ဦးဇော်မင်းဆင့် ထံက သိရသည်။
၀င်း၀င်းသန်း (စဉ့်ကိုင်ပြန်/ဆက်)