စဉ့်ကိုင်    ဇူလိုင်   ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန နှင့် စိုက်ပျိုးရေး  ဦးစီးဌာန တို့ပူးပေါင်း၍ ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ်  (GAP) အသိ ပညာပေးသင်တန်းကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးအေးမင်းနိုင်ကက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊  ဦးစီးအရာရှိ  ဒေါ်စိုးစိုးက စိုက်ပျိုးရေးတောင်သူများ၊ ဓာတ်မြေသြဇာသုံးစွဲမှု လျော့ချစေပြီး ဘေးကင်းစိတ်ချ လုံခြုံသည့် အစားအစာများ ထုတ်လုပ်နိုင်မည့်အတွက် စိုက်ပျိုးရေး အသိပညာပေး  Good Agricultural  Practice (GAP)သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် ညောင်ပင်ကြီးကျေးရွာ မြို့သာကုန်းကျေးရွာ၊ ထန်းသုံးပင်ကျေးရွာ၊ မြောက်တောကြီးကျေးရွာ၊ ဆောက်အင်းကျေးရွာများမှ Cash  For Work ၊ VDP   ကျေးရွာစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းတို့မှ အဖွဲ့၀င် သင်တန်းသား/ သင်တန်းသူ  (၆၀) တက်ရောက်ခဲ့ကြပြီး သင်တန်းကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှထုတ်ပြန်ထားသည့်ညွှန်ကြားချက်များနှင့်အညီအဖွဲခွဲ၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း   မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်မြင့်ခိုင် ထံကသိရသည်။

ဝင်းဝင်းသန်း