စဉ့်ကိုင် အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ၊ မုန့်ပေါင်းကျေးရွာအတွင်း အသက် (၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာ ဆောင်ရွက်ရမည့်အချက်များ ပြည်သူများသိရှိစေရန် လှည့်လည် အသိပေးနှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့ နံနက် (၉) နာရီ က မုန့်ပေါင်းကျေးရွာအတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်စေရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် နေ့စဉ် နံနက်(၉) နာရီမှ မွန်းလွဲ(၃)နာရီ အတွင်း အသက်(၁၈)နှစ် အထက်ပြည်သူများနှင့် မသန်စွမ်းသူများအား ပထမအကြိမ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)