စဉ့်ကိုင် ၁၆ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် မြအိုးစည်ရောင်းဝယ်ရေး သမဝါယမအသင်းမှ အသင်းသား/အသင်းသူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက တရုတ်စုရပ်ကွက်ရှိ အဆိုပါအသင်းရုံးတွင် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဆွေမှ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း အသင်းသား/အသင်းသူများအား ထောက်ပံ့ငွေများပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် အညီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဆွေနှင့်ဝန်ထမ်းများ မြအိုးစည်ရောင်းဝယ်ရေး သမဝါယမအသင်း ဉက္ကဋ္ဌ ဒေါ်ဝင်းရီနှင့် အမှုဆောင်အဖွဲ့ဝင်များ အသင်းသား/အသင်းသူများ တက်ရောက်ခဲ့ကြပြီး မြအိုးစည်ရောင်းဝယ်ရေး သမဝါယမအသင်းမှ အသင်းသားတစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် အသင်းသား (၁၄၃)ဦးတို့အား စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၄၃၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


